Connect with us

International Organizations

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂူတာရက်စ်အား အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအတွက် ထောက်ခံ အတည်ပြု

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က ပြုလုပ်သော အထွေထွေညီလာခံအစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အန်တိုနီယိုဂူတာရက်စ်အား အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ဇွန် ၈ ရက်တွင် ထောက်ခံအတည်ပြုလိုက်ကြောင်း သိရသည်။လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ခုကျင်းပပြုလုပ်ပြီးနောက် အဆိုပါ ထောက်ခံအတည်ပြုချက်ကို ဇွန်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌြဖစ်သူ ကုလသမဂ္ဂဆိုင်ရာ အက်စ်တိုးနီးယားသံအမတ်ကြီး Sven Jurgenson ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂူတာရက်စ်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ထောက်ခံပေးခဲ့ရာ ယင်းသက်တမ်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် ဂူတာရက်စ်အား တရားဝင်ခန့်အပ်ခြင်း အစည်းအဝေးတစ်ခုကို ဇွန် ၁၈ ရက်တွင် ကျင်းပပြုလုပ်သွားရန် ရှိကြောင်း Jurgenson ကဖြည့်စွက် ပြောကြားခဲ့သည်။
ထိုသို့ ဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ် ခန့်အပ်ခံရခြင်းအပေါ် လုံခြုံရေးကောင်စီအား ကျေးဇူးတင်ရှိကြောင်း ဂူတာရက်စ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ ဒီနေ့မှာ ကျွန်တော့်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းထမ်းဆောင်ခွင့်ရရှိအောင် အထွေထွေညီလာခံဆီ ထောက်ခံပေးခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အတွက် သိပ်ကိုဂုဏ်ယူဝမ်းမြောက်မိပါတယ် ၊ ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့တဲ့အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို သိပ်ကျေးဇူးတင်ပါတယ် ၊ ဒါ့အပြင် ကျွန်တော့်ကို နောက်တစ်ကြိမ် အမည်စာရင်းတင်သွင်းခွင့်ပေးခဲ့တဲ့ မိခင်ပေါ်တူဂီနိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။

“ ရှုပ်ထွေးနက်နဲတဲ့စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ နောက်ထပ် အချိန် လေးနှစ်ခွဲကြာ ဒီအဖွဲ့အစည်းကြီးမှာ အမျိုးသမီးတွေနဲ့ကလေးတွေအတွက် အကူအညီပေးဖို့ နဲ့ ‘ ကျွန်ုပ်တို့ ၊ လူသားတွေ’ အတွက် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးရတာဟာ မဟာအခွင့်အရေးပါပဲ” ဟု ဂူတာရက်စ်က ဆိုသည်။

“ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တစ်ယောက်အနေနဲ့ ကုလသမဂ္ဂ(UN)ရဲ့ ပဋိညာဉ်နဲ့စည်းမျဉ်းတွေကို လေးစားလိုက်နာဖို့ဟာ အကြီးမားဆုံးတာဝန်ဝတ္တရားတစ်ခုပါပဲ ။ အကယ်၍ အထွေထွေညီလာခံက ကျွန်တော့်ကို ယုံကြည်စွာနဲ့ အပ်နှင်းလားမယ်ဆိုရင် တာဝန်ယူမှုအပြည့်နဲ့အတူ ဒုတိယ သက်တမ်း အခွင့်အာဏာကို ကျိုးကျိုးနွံနွံထမ်းရွက်သွားမှာပါ ” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

——————————————————-
(Englih Version)

UN Security Council endorses Secretary-General Guterres for second term,

UNITED NATIONS, June 8 (Xinhua) — The UN Security Council on Tuesday endorsed Secretary-General Antonio Guterres for a second term.
Estonia’s UN Ambassador Sven Jurgenson, as Security Council president for the month of June, announced the endorsement after a private meeting of the council.

The Security Council recommends that the UN General Assembly appoint Guterres for a second five-year term beginning Jan. 1, 2022.
Jurgenson said the General Assembly is likely to hold a session on Guterres’ appointment on June 18.

UNITED NATIONS, June 8 (Xinhua) — UN Secretary-General Antonio Guterres on Tuesday thanked the Security Council for endorsing him for a second term of office.
“The decision taken today by the Security Council to recommend to the General Assembly that I serve a second term as secretary-general of the United Nations is a great honor. I am very grateful to the members of the council for the trust they have placed in me. My gratitude also extends to Portugal for having nominated me again,” he said in a statement.

“It has been an immense privilege to be at the service of ‘we, the peoples’ and at the helm of the amazing women and men of this organization for the past four and a half years, when we have been facing so many complex challenges,” Guterres said.

“Pursuing, as secretary-general of the United Nations, the purposes and principles of the (UN) Charter is a most noble duty. I would be deeply humbled if the General Assembly were to entrust me with the responsibilities of a second mandate,” he added.
Enditem

United Nations Secretary-General Antonio Guterres addresses a virtual global roundtable on transforming extractive industries for sustainable development at the UN headquarters in New York, on May 25, 2021. (Mark Garten/UN Photo/Handout via Xinhua)