ရန်ကုန်၊ ဧပြီ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လယ်ယာကဏ္ဍတွင် COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ YUN TIAN HUA GROUP မှ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံသို့ N95 နှာခေါင်းစည်း ၅၀၀၀ ၊ဆေးရုံသုံးနှာခေါင်းစည်း(Medical surgical mask)၅၀၀၀အပါအဝင် စုစုပေါင်း နှာခေါင်းစည်း...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်ရေးကာလတွင် သီးနှံထုတ်လုပ်မှုစွမ်းအား လျော့ကျမသွားစေရန် တောင်သူ လယ်သမားများအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေး နည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေ စိုက်နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍...
နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁,၈၃၄ ဦးအထိ ရောက်ရှိလာပြီးနောက် သေဆုံးသူ အရေအတွက် ၄၁ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ လာမည့်ရက်များအတွင်း နေ့စဉ် COVID-19 စမ်းသပ်မှုများကို အရေအတွက် နှစ်ဆတိုးသွားမည် ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဧပြီ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်နေသည့် နိုင်ငံနှင့်ဒေသများကို တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE) များ ထောက်ပံ့မည့် တရုတ်နိုင်ငံ၏အားထုတ်မှုကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။