Connect with us

China

ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကွန်ဖရင့်အား အောက်တိုဘာလတွင် ပေကျင်းမြို့၌ ကျင်းပမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ငှက်အသိုက်ဟု လူသိများသော အမျိုးသားအားကစားရုံ၏ ညဘက်မြင်ကွင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ (UN) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကွန်ဖရင့် အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ဇွန် ၄ ရက်၌ ပြောကြားခဲ့သည်။

“ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် အဆိုပါ ကွန်ဖရင့်အား အွန်လိုင်းရော အော့ဖ်လိုင်း (offline) ဖြင့်ပါ ကျင်းပသွားမည်ဖြစ်ကာ ဝန်ကြီးများ ဖိုရမ်နှင့် အကြောင်းအရာအလိုက် ဆွေးနွေးမှုများ အပါအဝင် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

၎င်းကွန်ဖရင့်သည် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကို အဆင့်မြှင့်တင်ရန်ရည်ရွယ်ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် အောင်မြင်မှုအတွက် ၎င်း၏ အရေးပါမှုကို ထင်ရှားစေကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောခဲ့သည်။

ကွန်ဖရင့်အား မူလက ပြီးခဲ့သည့်နှစ် မေလ၌ ကျင်းပရန်စီစဉ်ထားသော်လည်း COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ကွန်ဖရင့်အား တက်ခ်မန်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့တွင် ၂၀၁၆ ခုနှစ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Beijing to host 2nd UN Global Sustainable Transport Conference in October
Source: Xinhua| 2021-06-04 22:39:48|Editor: huaxia
BEIJING, June 4 (Xinhua) — The second United Nations (UN) Global Sustainable Transport Conference will take place from October 14 to 16 in Beijing, the organizers announced Friday.
Themed “sustainable transport, sustainable development,” the conference will be held both online and offline, and will see events including a ministers’ forum and thematic sessions.
The conference aims to advance sustainable transport globally and underscores its importance for the achievement of the UN 2030 Agenda for Sustainable Development, according to the organizers.
The conference was previously scheduled for May last year but was postponed due to the COVID-19 pandemic.
The first Global Sustainable Transport Conference was held in Ashgabat, Turkmenistan, in 2016. Enditem

Photo taken on May 14, 2019 shows the night view of the National Stadium, also known as the Bird’s Nest, in Beijing, capital of China. (Xinhua/Li He)