ဟူစတန်၊မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း ရှိ နေရာများသို့ ဂတ်စ်ဓာတ်ငွေ့ နှင့် ဒီဇယ်ဆီများ အဓိက ပို့လွှတ်ပေးနေသည့် ပိုက်လိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နှစ်ရက်ဆက်တိုက် ဆက်လက် ပိတ်ထားခဲ့ရကြောင်း ပိုက်လိုင်းကုမ္ပဏီက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အိန္ဒိယနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် ငွေသား အကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းအား ပေးအပ်ခဲ့ကြောင်း တရုတ်ကြက်ခြေနီဖောင်ဒေးရှင်း(CRCF)က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ကော်လိုရာဒိုစပရင်းစ်တွင် မေ ၉ ရက် နံနက်ပိုင်းက မွေးနေ့ပါတီတစ်ခုအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူကြီး ၆ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေနတ်သမားမှာလည်း အခင်းဖြစ်နေရာ၌ပင် ၎င်းကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
ချင်းယွမ်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း Qingyuan မြို့ တွင် မြေပြင်အထက် မီတာ ၅၀၀ အမြင့်ရှိ Gulong ချောက်နက်ကြီးထက်တွင်တည်ဆောက်ထားသည့် မှန်တံတား ပေါ်၌ ပြီးခဲ့သည့်အလုပ်သမားနေ့ အားလပ်ရက် တွင် ကန်တုံအော်ပရာကဇာတ်အဖွဲ့က မှန်တံတားပေါ်သို့လာရောက်လည်ပတ်ကြသူများအား ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့သည်။ (Xinhua)
ဒါကာ၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်ရိုးရာတိုင်းရင်းဆေးဖြင့်ကုသသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးခန်းတစ်ခုတွင် လာရောက်ကုသသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ Suoxi Healthcare Limited ဆေးခန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ ဆေးခန်းတွင် တရုတ်နိုင်ငံမှပြန်လာသည့် ကျွမ်းကျင်ပညာရှင်များအပါအဝင် လေ့ကျင့်သင်ကြားပေးထားသည့် ပြည်တွင်းမှ...