Connect with us

CHINA

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အိန္ဒိယနိုင်ငံ COVID-19 တိုက်ဖျက်ရေး လူသားချင်းစာနာမှု အကူအညီ ပေးအပ်

ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အိန္ဒိယနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် ငွေသား အကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းအား ပေးအပ်ခဲ့ကြောင်း တရုတ်ကြက်ခြေနီဖောင်ဒေးရှင်း(CRCF)က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထို့အတူ တရုတ်လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းက ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်း အသုတ်တစ်သုတ်အား မေ ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချန်ဒူးမြို့မှ ပေးပို့ခဲ့ပြီး ယင်းပစ္စည်းများသည် အိန္ဒိယနိုင်ငံ Bangalore မြို့သို့ ယင်းနေ့ နှောင်းပိုင်းတွင် ရောက်ရှိခဲ့ကြောင်း CRCF ထံမှ သိရသည်။

အိန္ဒိယနိုင်ငံ Bangalore မြို့သို့ တရုတ်ကြက်ခြေနီအသင်း(RCSC)က လှူဒါန်းသော ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်း ပထမသုတ် မေ ၉ ရက်တွင် ရောက်ရှိလာစဉ်(ဆင်ဟွာ) 

အဆိုပါ ထောက်ပံရေးပစ္စည်းများတွင် အောက်စီဂျင်ဖြည့်စက်(oxygen concentrators) အလုံး ၁၀၀ ၊ non-invasive ventilators အထိုင်အသက်ရှူစက် အလုံး ၂၀ နှင့် invasive ventilators ရွေ့လျားအသက်ရှူစက် ၂၀ တို့ ပါဝင်ကြောင်း CRCF ထံမှ သိရသည်။ (Xinhua)
—————————————
(English Version)

China’s Red Cross offers humanitarian support to India’s COVID-19 fight
BEIJING, May 9 (Xinhua) — The Red Cross Society of China has offered India 1 million U.S. dollars in cash assistance to help the country combat COVID-19, the Chinese Red Cross Foundation (CRCF) said Sunday.
In addition, a batch of anti-pandemic supplies donated by the Chinese humanitarian organization left Chengdu in southwest China’s Sichuan Province on Sunday morning and arrived in Bangalore of India later the day, the CRCF said.
The supplies include 100 oxygen concentrators, 20 non-invasive ventilators and 20 invasive ventilators, added the CRCF. Enditem