နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ထပ်မံကူးစက်ခံရသူ ၄၁၄,၁၈၈ ဦး အား စံချိန်သစ်တင်တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂၁,၄၉၁,၅၉၈ ဦး ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရသည်။
မာဂီလန်၊ အင်ဒိုနီးရှား၊ မေ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်နှင့် ယိုဂျာကာတာပြည်နယ်တို့အား ခွလျက်တည်ရှိနေသော မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ ပေါက်ကွဲမှုအများဆုံးဖြစ်ပွားသည့် မီးတောင်ရှင်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
ရှီးအန်း၊ မေ ၇ ရက် (ဆင်ဟွာ) လျှပ်စစ်ရေနွေးအိုး၊ Fiber optic modems၊ ကလေးစက်ဘီး စသည့် ကုန်ပစ္စည်း အတွဲ (၅၀) တင်ဆောင်ထားသည့် X8155 တရုတ်-ဥရောပ ရထား(ရှီးအန်း)သည် မေ ၆ ရက်က တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းနိုင်ငံတကာဆိပ်ကမ်းမှ ထွက်ခွါခဲ့သည်။ ထိုပို့ဆောင်မှုသည်...
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် (၂၄)နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၁၀,၀၀၀)ကျော် ရှိပြီး အသစ်ထပ်တိုးသေဆုံးသူ (၃,၉၈၀)ဦးရှိကြောင်း အိန္ဒိယအစိုးရ၏ မေ ၆ ရက်ထုတ်ပြန်ချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း San Joaquin ကောင်တီ၊ Clements ရပ်ကွက်ရှိ ဘားပိုင်ရှင်တစ်ဦးသည် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများ ရောင်းချမှုအတွက် တရားစွဲဆိုဖမ်းဆီးခံရကြောင်း ကယ်လီဖိုးနီးယား အရက်အဖျော်ယမကာထိန်းချုပ်ရေးဌာန (ABC) က ကြေညာခဲ့သည်။