ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19ရောဂါ အတည်ပြုလူနာ တစ်သိန်းကျော် ရှိပြီဖြစ်ရာ ရောဂါပြန့်ပွားမှု အခြေအနေ အပြောင်းအလဲဖြစ်စေရန်နှင့်လျော့နည်းလာစေရန်အတွက် နိုင်ငံအားလုံးအနေဖြင့် အားကောင်းသည့် ရောဂါ တားဆီးမှုများကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
နယူးဒေလီ ၊ မတ် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝန်ကြီးအားလုံး နှင့် သက်ဆိုင်ရာဌာနအားလုံးမှ တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်တွင် အစည်းအဝေးတစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံးလူနာတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း မြို့တော်ဝန် Muriel Bowser က မတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။