Connect with us

Science & Technology

တရုတ်နိုင်ငံက ကမ္ဘာ့ခေတ်ရှေ့ပြေး မြေအောက်ရထား ကိုယ်ပိုင်လည်ပတ်မှုစနစ် အောင်မြင်စွာ တီထွင်ထုတ်လုပ်

ချင်းသောင် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့ခေတ်ရှေ့ပြေး မြေအောက်ရထား ကိုယ်ပိုင်လည်ပတ်မှုစနစ်ကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းမြေအောက်ရထားအနေဖြင့် ကိုယ်ပိုင်လမ်းကြောင်းမောင်းနှင်ခြင်း ၊ ကိုယ်ပိုင်ကာကွယ်ခြင်း ၊ ကိုယ်ပိုင်ချိန်ညှိမှုဆောင်ရွက်ခြင်း နှင့် အလုံးစုံအလိုအလျောက် မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကာ အလိုအလျောက်လည်ပတ်မှု မှ ကိုယ်ပိုင်လည်ပတ်မှု သို့ ဖြတ်ကျော်အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ချင်းသောင် မြေအောက်ရထား ကုမ္ပဏီထံမှ စုံစမ်းသိရှိခဲ့ရသည်။ချင်းသောင် မြေအောက်ရထား ကုမ္ပဏီ ဒုတိယအင်ဂျင်နီယာချုပ် လော်ချင်ဖိန် က ယခုရရှိခဲ့သည့် အောင်မြင်မှုသည် ရထားများအား မိမိကိုယ်ပိုင်ဦးနှောက် နှင့် မိုင်ပေါင်းများစွာကိုမြင်နိုင်သည့် အစွမ်းပေးလိုက်သကဲ့သို့ အလိုအလျောက်မောင်းနှင်သည့် အဆင့်မှ ကိုယ်ပိုင်လည်ပတ်သည့် အဆင့်သို့ ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိချိန်တွင် နိုင်ငံတကာ၌ မောင်းသူမဲ့စနစ်ဖြင့်လည်ပတ်နေသည့် မြေအောက်ရထားလမ်းကြောင်းများတွင် ဆက်သွယ်ရေးကို အခြေခံသည့် ရထားလမ်း အလိုအလျောက်ထိန်းချုပ်မှုစနစ်ကို အများစုအသုံးပြု၍ ရထားများအား အလိုအလျောက်မောင်းနှင်စေကြောင်းသိရှိရသည်။ ကိုယ်ပိုင်လည်ပတ်မှုစနစ်တွင် ရထား နှင့် ရထား အကြားဆက်သွယ်ရေးချိတ်ဆက်ဖွဲ့စည်းမှုဖြစ်ပြီး ရထားနှင့် မြေမြင်ဆက်သွယ်ရေး ကို လျော့ကျစေခဲ့ကြောင်း ၊ ရထား နှင့် ရထား အကြားတွင် ကြိုးမဲ့ဆက်သွယ်မှုဖြင့် အပြန်အလှန် အချက်အလက်ဖလှယ်မှုများ ဆောင်ရွက်ခြင်းဖြစ်ပြီး ရထား၏ တည်နေရာ ၊ အရှိန် နှင့် လမ်းကြောင်း အခြေအနေတို့ကို တိုက်ရိုက်သိရှိနိုင်စေမည်ဖြစ်ပြီး ကိုယ်ပိုင်လမ်းကြောင်းမောင်းနှင်မှု ၊ ကိုယ်ပိုင်ကာကွယ်မှု ၊ ကိုယ်ပိုင်ချိန်ညှိမှု နှင့် အလုံးစုံ အလိုအလျောက်မောင်းနှင်မှုတို့ဖြင့် ကိုယ်ပိုင်လမ်းကြောင်းအခြေအနေကို ဆုံးဖြတ်ကာ လုံခြုံလျင်မြန်စွာ မောင်းနှင်စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ မြို့ပြရထားလမ်းပန်းဆက်သွယ်ရေးအဖွဲ့ ပစ္စည်းကိရိယာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဖန်းဆောင်ရွှင်း က ကိုယ်ပိုင်လည်ပတ်မှုစနစ်တွင် ခရီးသည်များအနေဖြင့် ရထားမပြောင်းဘဲ လိုရာခရီးကို တိုက်ရိုက်သွားရောက်နိုင်မည်ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မတူညီသည့်ရထားလမ်းကြောင်းများ အသုံးပြုသည့် အချက်ပြစနစ်နည်းပညာများက မတူညီကြသဖြင့် လမ်းကြောင်းတစ်ခုချင်းစီ သီးသန့်ခွဲခြားမောင်းနှင်နေကြပြီး အပြန်အလှန်ချိတ်ဆက်နိုင်ရန်မှာ ကာလတစ်လျှောက်အခက်အခဲကြီး တစ်ခုဖြစ်စေခဲ့ကြောင်း ၊ ရထား ကိုယ်ပိုင်လည်ပတ်မှုစနစ်အနေဖြင့် မြေအောက်ရထားများ အပြန်အလှန်ချိတ်ဆက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး မတူညီသောလမ်းကြောင်းမှ ရထားများက နီးစပ်ရာလမ်းကြောင်းမှ တစ်ဆင့် ခရီးသည်များ ရထားပေါ်မှဆင်းစရာမလိုဘဲ လိုရာခရီးသို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖန်းဆောင်ရွှင်း က ယင်းစနစ်အနေဖြင့် ပစ္စည်းကိရိယာများ ချို့ယွင်းခြင်းကြောင့် ရထားလည်ပတ်မှုအပေါ် ဖြစ်ပေါ်လာမည့် သက်ရောက်မှုကို သိသာစွာ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ရထားလည်ပတ်မှု လုံခြုံရေးကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၊ ရထားတစ်စင်း နှင့် တစ်စင်းအကြား ခြေရာခံမှု နှင့် အသွားအပြန်ကြာချိန်ကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး လူအများလိုက်ပါသွားလာသည့် လမ်းကြောင်းတွင် ရထားထပ်မံဖြည့်စွက်မှု ပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၊ ထို့ပြင် ရထားစီမံခန့်ခွဲရေးအတွက်လည်း ပိုမိုလျင်မြန်မှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ရထားဘူတာတွင် မီးလောင်မှု နှင့် ရထားလမ်းဘေးတွင် စက်ချို့ယွင်းမှုဖြစ်ပွားခြင်းစသည့် အရေးပေါ်ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းနိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရထားလမ်းကိုယ်ပိုင်လည်ပတ်မှုစနစ်အား တရုတ်နိုင်ငံ သိပ္ပံသုတေသနဆောင်ရွက်သူများက ကိုယ်ပိုင်တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင် ဦးဆောင်နိုင်မှုရှိကြောင်း ၊ ချင်းသောင် မြေအောက်ရထားကုမ္ပဏီ၏ ဦးဆောင်မှုအောက်တွင် CRRC Corporation Limited ၊ ရှန်ဟိုင်း FITSCO ၊ ကျဲ့ကျန်း UniTTEC နှင့် ပေကျင်း Caltta စသည့် တရုတ်နိုင်ငံလုပ်ငန်း ကုမ္ပဏီတို့၏ ပူးတွဲ တီထွင်ဆန်းသစ်မှုတို့ဖြင့် အတူတကွ ကမ္ဘာ့ခေတ်ရှေ့ပြေး နည်းပညာကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)
中国成功自主研发全球领先地铁列车自主运行系统
2021-05-11 10:17:31 分类: 社会
新华社青岛5月11日电(记者王凯)记者日前从青岛地铁集团了解到,中国已成功自主研发全球领先的地铁列车自主运行系统,地铁列车能够主动进路、自主防护、自主调整与全自动驾驶,实现了从“自动运行”到“自主运行”的跨越。
“犹如列车有了自己的‘大脑’和‘千里眼’,实现了从‘自动运行’到‘自主运行’的跨越。” 青岛地铁集团副总工程师罗情平说。
据了解,目前国内外无人驾驶地铁线路普遍使用基于通信的列车自动控制系统,列车可以实现自动驾驶。列车自主运行系统则采用“车—车”通信架构,减少了车与地面的通信,列车之间可通过无线通信完成信息交互,从而直接获知前行列车的位置、速度和线路状态,实现主动进路、自主防护、自主调整与全自动驾驶,自行判断路况,从而安全、智能、飞速地“奔跑”起来。
“乘客可以不用下车换乘,直达目的地。”中国城市轨道交通协会装备委员会副主任方少轩介绍,目前,不同地铁线路间的信号系统采用的技术标准不一,线路都是单线运营,相互独立,互联互通一直是一个难题。列车自主运行系统则可以实现地铁列车互联互通,不同线路的列车在换乘站直接运行到相邻线路上,乘客不用下车换乘,直达目的地。
方少轩表示,该系统还能显著减少设备故障对列车运行的影响,提高运营安全,能缩短列车的追踪与折返间隔,解决大客流线路加车难问题,还为地铁列车运营提供了更强的灵活性,能够有效应对车站火灾、轨旁故障等多种应急场景。
据了解,该列车自主运行系统由中国科研人员自主研发,具有国际领先水平。在青岛地铁的主导下,中国中车、上海富欣、浙江众合、中兴高达等国内企业协同创新,共同实现了这一世界领先技术零的突破。(完)

Photo
2月19日,乘客在石家庄地铁新百广场站上车。新华社记者 牟宇 摄