ချင်းယွမ်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း Qingyuan မြို့ တွင် မြေပြင်အထက် မီတာ ၅၀၀ အမြင့်ရှိ Gulong ချောက်နက်ကြီးထက်တွင်တည်ဆောက်ထားသည့် မှန်တံတား ပေါ်၌ ပြီးခဲ့သည့်အလုပ်သမားနေ့ အားလပ်ရက် တွင် ကန်တုံအော်ပရာကဇာတ်အဖွဲ့က မှန်တံတားပေါ်သို့လာရောက်လည်ပတ်ကြသူများအား ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့သည်။ (Xinhua)
ဒါကာ၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်ရိုးရာတိုင်းရင်းဆေးဖြင့်ကုသသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးခန်းတစ်ခုတွင် လာရောက်ကုသသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ Suoxi Healthcare Limited ဆေးခန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ ဆေးခန်းတွင် တရုတ်နိုင်ငံမှပြန်လာသည့် ကျွမ်းကျင်ပညာရှင်များအပါအဝင် လေ့ကျင့်သင်ကြားပေးထားသည့် ပြည်တွင်းမှ...
ချီကာဂို ၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းရထားထုတ်လုပ်ရေးလုပ်ငန်း CRRC ၏ အမေရိကန်ပြည်ထောင်စု တွင်တည်ရှိသောထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ထားသည့် ကားရထားများ ချီကာဂိုတွင်စမ်းသပ်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ အတွဲ ၈ တွဲပါဝင်သည့် ကားရထားမှာ ချီကာဂို O’Hare Int’l နိုင်ငံတကာလေဆိပ်မှချီကာဂို မြို့လယ် သို့...
ဘာလင်၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်က အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးအတွက် အုတ်မြစ်ချခြင်းဖြစ်ပြီး ဈေးကွက်ဝင်ရောက်ထိုးဖောက်ရာ၌ ပို၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ ပြောကြားချက်ကို ကိုးကား၍ AFPသတင်းတွင် ဖော်ပြထားသည်။
ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းရှိ မိန်းကလေးသီးသန့်သင် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှု သုံးခုအတွင်း သေဆုံးသူ ၅၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ကနေ့ မေ ၉ ရက်တွင်...