ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် (၂၄)နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၁၀,၀၀၀)ကျော် ရှိပြီး အသစ်ထပ်တိုးသေဆုံးသူ (၃,၉၈၀)ဦးရှိကြောင်း အိန္ဒိယအစိုးရ၏ မေ ၆ ရက်ထုတ်ပြန်ချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း San Joaquin ကောင်တီ၊ Clements ရပ်ကွက်ရှိ ဘားပိုင်ရှင်တစ်ဦးသည် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများ ရောင်းချမှုအတွက် တရားစွဲဆိုဖမ်းဆီးခံရကြောင်း ကယ်လီဖိုးနီးယား အရက်အဖျော်ယမကာထိန်းချုပ်ရေးဌာန (ABC) က ကြေညာခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်ပွဲတော် ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို “မပျံသန်းရဇုန်”အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဘရာဇာဗီလီ၊ မေ ၅ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Clement Mouamba သည် ၎င်း၏နုတ်ထွက်စာကို အစိုးရအဖွဲ့သမ္မတ Denis Sassou Nguesso ထံသို့ ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ကြောင်း သမ္မတနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို...