ပြုံယမ်း ၊ မတ် ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မတ် ၂ ရက်တွင် တာဝေးပစ် အမြှောက်စမ်းသပ်ပစ်လွှတ်မှုနေရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာကြီးအား နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်သွားသင့်ကြောင်းနှင့် စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် ကူညီသွားသင့်ကြောင်း ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် သစ်တောဧကပေါင်း ၁,၀၀၀ စိုက်ပျိုးရန်လျာထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ)၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော က ဆင်ဟွာကို မတ်...
မနီလာ ၊ မတ် ၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ မတ် ၂ ရက်တွင် သေနတ်သမားတစ်ဦးက ဓားစာခံများအား ၁၀ နာရီကြာ ဖမ်းဆီးထားသော ဖြစ်စဉ်တစ်ခုကို ရဲတပ်ဖွဲ့က အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် အဆိုပါသေနတ်သမားသည် ဓားစာခံအားလုံးကို ပြန်လည်လွှတ်ပေးလိုက်သလို ၎င်းကိုယ်တိုင်လက်နက်ချ အညံ့ခံခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကုလသမဂ္ဂ ၊ မတ် ၃ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် မတ်လ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို တရုတ်နိုင်ငံက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားရန် သန္နိဋ္ဌာန်ချထားကြောင်း သိရသည်။