မွမ်ဘိုင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် COVID-19 ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပစ္စည်းပြတ်သွားသော တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ (PPE) များကို ကျန်းမာရေးဝန်ထမ်းများအတွက် ချုပ်လုပ်နေသလို အစိုးရနှင့် ပုဂ္ဂလိက စင်တာများ၌ ကာကွယ်ဆေးထိုးနှံခြင်းများ ပြန်လည်စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ၌ တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အီဂျစ်ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့(EDA)က ခွင့်ပြုခဲ့ကြောင်း ဧပြီ ၂၈ ရက် အစောပိုင်းတွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများအား အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးမှ ထွက်ခွာကြရန် ဧပြီ ၂၇ ရက်က ညွှန်ကြားထားကြောင်း သိရသည်။
ကိုင်ရို၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)
ဘန်ကောက် ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ ၁၅ ဦးထိ ရှိခဲ့ရာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန် ကတည်းက တစ်ရက်အတွင်း လူသေဆုံးမှု အများဆုံး အရေအတွက် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)...