Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံရှိ မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများ ထွက်ခွာကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများအား အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးမှ ထွက်ခွာကြရန် ဧပြီ ၂၇ ရက်က ညွှန်ကြားထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အခြားဘယ်နေကမဆို တာဝန်ထမ်းဆောင်နိုင်တဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေအနေနဲ့ ကဘူးလ်းမြို့ရှိ အမေရိကန်သံရုံးက ထွက်ခွာကြဖို့ ညွှန်ကြားထားကြောင်း” ခရီးသွားလာရေးအကြံပေးမှု၌ ပြောကြားထားသည်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ ယာယီသံရုံးတာဝန်ခံ Ross Wilson က “ကဘူးလ်မြို့တွင် အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုသတင်းတွေ များပြားလာတာကြောင့်” ဝန်ထမ်းများ ထွက်ခွာရေးအတွက် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း တွစ်တာပေါ်၌ ရေးသားထားသည်။

ထိုသို့ ထွက်ခွာခြင်းက “ကဘူးလ်မြို့ရှိ အမေရိကန်သံရုံး ဝန်ထမ်းအရေအတွက် အနည်းငယ်အပေါ် ချက်ချင်းသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ရွှေ့ပြောင်းမှုမှာ သမ္မတ ဂျိုးဘိုင်ဒန်က ယခုလအစောပိုင်းတွင် ကြေညာခဲ့သော အမေရိကန်နှင့် နေတိုး (NATO) တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မှ စတင်ရုပ်သိမ်းမည်ဆိုသည့် မေလ ၁ ရက်ထက်စောလျက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော်လည်း ယခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် အာဖဂန် တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ အမေရိကန် တပ်ဖွဲ့ဝင်များ ဆုတ်ခွာမည့်နေ့ကို မေလ ၁ ရက်အဖြစ် သတ်မှတ်ထားခဲ့သည်။ လက်ရှိသမ္မတ ဘိုင်ဒန် အစိုးရအနေဖြင့် သတ်မှတ်ရက်အတိုင်း လိုက်နာရန် ပျက်ကွက်ပါက နောက်ဆက်တွဲအကျိုးဆက်များအတွက် သတိပေးထားခဲ့ခြင်း ဖြစ်သည်။အာဖဂန်နစ္စတန်နိုင်ငံတွင် ထောက်ပံ့သယ်ပို့ရေးနှင့် လုံခြုံရေးပံ့ပိုးမှု အတွက် အမေရိကန် တပ်ဖွဲ့ဝင် ၃,၅၀၀ ခန့်ရှိပြီး နေတိုးတပ်ဖွဲ့ဝင်မှာ ၇,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)

U.S. state department orders staff to leave Afghanistan
Source: Xinhua| 2021-04-28 07:36:23|Editor: huaxia
WASHINGTON, April 27 (Xinhua) — The U.S. State Department on Tuesday ordered non-essential staff to leave the U.S. Embassy in Kabul, Afghanistan, due to security concerns.
The state department said in a travel advisory that it had “ordered the departure from U.S. Embassy Kabul of U.S. government employees whose functions can be performed elsewhere.”
U.S. Charge d’Affaires to Afghanistan Ross Wilson tweeted that the departure was approved “in light of increasing violence & threat reports in Kabul.”
He added that the departure would affect “a relatively small number of employees at the U.S. Embassy in Kabul effective immediately.”
The move came days ahead of May 1, the date President Joe Biden announced earlier this month that U.S. and NATO troops will begin to withdraw from Afghanistan.
However, the previous Donald Trump administration and the Afghan Taliban set May 1 as the deadline to pull U.S. troops out of the country. The Taliban had warned of consequences if the Biden administration fails to follow through that deadline.
There are roughly 3,500 U.S. troops in Afghanistan, and about 7,000 NATO troops in the country rely on U.S. logistics and security support. ■
Photo taken on April 21, 2021 shows the site of an explosion in Kabul, Afghanistan. (Photo by Rahmatullah Alizadah/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.