ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော Jetstar လေကြောင်းလိုင်းမှ မြေပြင်ဝန်ထမ်းများသည် နိုင်ငံအနှံ့အပြားရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြကြောင်း နှင့် ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ကိုရိုနာအဆုတ်ရောင်ရောဂါ (COVID-19) ကူးစက်ခံရမှုကို တိုက်ဖျက်ကုသရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၂၀၀၀၀ ကျော် တရုတ်နိုင်ငံ ဝူဟန့်မြို့သို့ စုပေါင်းရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကို ဆန့်ကျင်တိုက်ဖျက်နေသည့် နည်းလမ်းများအား အောက်ပါ video ထဲတွင် ရှုစားနိုင်ပါသည်။ (Xinhua)
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရမှုမှပျောက်ကင်းသက်သာသွားသူပေါင်း ၁၂၄ ဦး ဆေးရုံမှဆင်းခဲ့ကြသည်။ ယင်းတို့အနက် စေတနာ့ဝန်ထမ်း ၁၄ ဦး မှာ ရောဂါအခြေအနေဆိုးဝါးသူများကို ကူညီရန်အလို့ငှာ ၎င်းတို့၏ သွေးရည်ကြည်များကို...