ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် ပြီးခဲ့သော ရက်သတ္တပတ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စရပ်များကို တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အဖြေရှာရန်လိုလားသည့် လက္ခဏာများကို ကမ္ဘာကြီးက တွေ့မြင်ခဲ့ကြရသည်။
မွမ်ဘိုင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ ရတ်နာဂီရိခရိုင်၊ Chiplun မြို့ရှိ ဆည်ငယ်တစ်ခု ဇူလိုင်လ ၂ ရက်ညပိုင်းက ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံးကာ အခြားလူ ၂၂ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုအမှုပေါင်း ၂၂မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆိုင်ကယ် နှင့် သုံးဘီး ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
မော်စကို ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ရေပိုင်နက်အတွင်း ရေနက်ပိုင်း သုတေသနရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး သင်္ဘောသား ၁၄ ဦးသေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။