Connect with us

North America

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ ပစ်ခတ်မှုကြောင့် လူအများအပြားသေဆုံး

တနင်္ဂနွေနေ့က ပစ်ခတ်မှုဖြစ်ပွားသော အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် Boulder မြို့တည်နေရာပြမြေပုံအားတွေ့ရစဉ်(ဆင်ဟွာ)

လောစ့်အိန်ဂျလိစ်၊မတ် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် Boulder မြို့တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့တစ်ဦးအပါအဝင် လူအများအပြားသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

Boulder မြို့ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး Kerry Yamaguchi က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် အခင်းဖြစ်မှုနှင့်ပတ်သက်၍ သက်ဆိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း နှင့် အများပြည်သူခြိမ်းခြောက်မှု အန္တရာယ်မရှိကြောင်း ဆိုသည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရသွားသူတစ်ဦးကို ယခုအခါ ဆေးဝါးကုသပေးလျက်ရှိကြောင်း ရဲမှူးက ဆက်လက်ပြောကြားခဲ့သည်။ ပစ်ခတ်မှုကြောင့် လူအရေအတွက်မည်၍မည်မျှ သေဆုံးသွားသည်ကို ရဲတပ်ဖွဲ့က အတည်မပြုခဲ့သော်လည်း ဒေသတွင်းမီဒီယာများ၏ အစောပိုင်း ဖော်ပြချက်အရ ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုတွင် သေဆုံးသူ အနည်းဆုံး ၆ ဦးရှိကြောင်း ဆိုသည်။ (Xinhua)
————————————
(English Version)
Multiple people killed in mass shooting in U.S. Colorado
LOS ANGELES, March 22 (Xinhua) — Multiple people, including one police officer, were killed in a mass shooting in Boulder, Colorado, the United States, police said on Monday.
Boulder Police Department Commander Kerry Yamaguchi said in a news conference that a person of interest is in custody and there is no ongoing public threat.
He said that the person, injured in the incident, is currently being treated.
Law enforcement officials did not confirm the number of deaths in the shooting, but some local news outlets said earlier that at least six people were killed at a supermarket in the mass shooting. Enditem