ဝါရှင်တန်၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နှင့်မက္ကဆီကိုနယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ လူဦးရေသည် နှစ်ပေါင်း(၂၀)ကြာကာလတွင် အများဆုံးဖြစ်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသည့် အရွယ်ရောက်ပြီးသော တစ်ကိုယ်ရေသမားများနှင့်မိသားစုအများစုကို နယ်နှင်ခဲ့သော်လည်း အဖော်မရှိသည့်ကလေးငယ်များကို နယ်နှင်မှုများလုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas၏ မတ် ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ဆန်တီရာဂို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် လူထုကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း စတင်ခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်မှာ မတ် ၁၆ ရက်၌ ၅ သန်းကျော်ရှိလာသည့် သမိုင်းမှတ်တိုင်ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘရပ်ဆဲ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဥရောပကော်မရှင်သည် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွက် Pfizer/BioNTech ၏ COVID-19 ကာကွယ်ဆေး ၁၀ သန်းပေးပို့နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ရန် မတ် ၁၆ ရက်က အဆိုပြုခဲ့ကြောင်း သိရသည်။
မွန်တီဗီဒီယို ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ဥရုဂွေးနိုင်ငံသည် တရုတ်ဆေးဝါး Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေး နောက်ထပ်တစ်သုတ်ကို မတ် ၁၆ ရက်တွင် ရရှိခဲ့ပြီး ယင်းမှာ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် ပြည်သူများအကြား ကိုယ်ခံအားစနစ်ရရှိစေရန် ဆေးထိုးနှံခြင်း တွန်းအားပေးမှု ဖြစ်ကြောင်း...
ဝါရှင်တန်၊မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆေးဝါးကုမ္ပဏီမိုဒါနား (Moderna) က ပထမဆုံး ကလေးငယ်အုပ်စု ပါဝင်သော ၎င်းတို့၏ COVID-19 ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်မှုအဆင့် ပြုလုပ်ခဲ့ကြောင်း မတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။