Connect with us

WORLD

Moderna က အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် COVID-19 ကာကွယ်ဆေးစမ်းသပ်မှုစတင်

မိုဒါနား(Moderna) ဆေးဝါးကုမ္ပဏီရုံးချုပ် အဆောက်အဦ အဝင်ဝအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊မတ် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆေးဝါးကုမ္ပဏီမိုဒါနား (Moderna) က ပထမဆုံး ကလေးငယ်အုပ်စု ပါဝင်သော ၎င်းတို့၏ COVID-19 ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်မှုအဆင့် ပြုလုပ်ခဲ့ကြောင်း မတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

KidCOVE ကာကွယ်ဆေး၏ စမ်းသပ်မှုအဆင့် ၂/၃ တွင် ပါဝင်ရန် အမေရိကန်နှင့်ကနေဒါနိုင်ငံတို့မှ အသက် ၆ လအထက် – ၁၂ နှစ်အောက် အရွယ် ကလေးငယ်များ ခန့်မှန်းခြေ စုစုပေါင်း ၆,၇၅၀ ဦး အမည်စာရင်းပေးသွင်းထားကြောင်း ဆိုသည်။

၂၈ ရက်အတွင်း နှစ်ကြိမ်ထိုးနှံရသော mRNA-1273 COVID-19 ကာကွယ်ဆေးကို စမ်းသပ်မှုအဆင့်တွင် ဆေး၏ လုံခြုံမှု ၊ ခံနိုင်ရည် ၊ တုံ့ပြန်မှုပမာဏ နှင့် အာနိသင် တို့ကို အကဲဖြတ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Moderna ၏ COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA) က ပြီးခဲ့သော နှစ် ဒီဇင်ဘာလတွင် ခွင့်ပြုပေးခဲ့ပြီး ယင်းကာကွယ်ဆေးမှာ အသက် ၁၈ နှစ်အထက် နှင့် သက်ကြီးရွယ်အိုများတွင်သာ ထိုးနှံနိုင်ကြောင်း သိရသည်။(Xinhua)
————————————
(English Version)
Moderna starts COVID-19 vaccine trial on children less than 12 years old
WASHINGTON, March 16 (Xinhua) — American drugmaker Moderna announced Tuesday that the first group of children participants have been vaccinated in its COVID-19 vaccine trial.
The Phase 2/3 study, called the KidCOVE study, will enroll approximately 6,750 pediatric participants in the United States and Canada ages 6 months to less than 12 years.
The trial will evaluate the safety, tolerability, reactogenicity and effectiveness of two doses of Moderna’s COVID-19 vaccine mRNA-1273 given 28 days apart, according to the company.
Moderna’s COVID-19 vaccine was authorized for emergency use against COVID-19 by the U.S. Food and Drug Administration last December, for individuals 18 years of age and older. Enditem