ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖေဖော်ဝါရီ ၁၂ ရက် နောက် ပိုင်းတွင်ပုံမှန် ထက် ၂ ဒီဂရီ မှ ၄ ဒီဂရီ အထိ အပူချိန်လျော့ပြီး အေးပိုရန်ရှိသည့် အတွက် ပြည်သူများအနေဖြင့် မိုးဇလထုတ်ပြန်ချက် ကို ဂရုပြုစောင့်ကြည့်သင့်ကြောင်း၊ ...
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ခြင်းကြောင်း လူသုံးဦးသေဆုံးကာ ၁၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ကြေညာခဲ့သည်။
ကိုလံဘို၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksaဦးဆောင်သော ဝန်ကြီးများ ၊ လွှတ်တော်အမတ်များနှင့် အရပ်သားပြည်သူတစ်ထောင်နီးပါးသည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ကိုလံဘိုမြို့ရှိ Abhayagiri vihāraဘုရားကျောင်းတွင် တရုတ်နိုင်ငံ၏ ကိုရိုနာ ရောဂါတိုက်ဖျက်ရေး အောင်မြင်ပြီးမြောက်စေရန်အတွက် ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ ဖေဖော်ဝါရီ ၅ ရက်တွင် ဖြစ်ပွားသော ယာဉ်တိမ်းမှောက်မှုကြောင့် လူခုနှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။