ကွာလာလမ်ပူမြို့ ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ်(ဟောင်း) နာဂျစ်ရာဇက်ခ်၏ ဇနီးဖြစ်သူ ရိုစ့်မာမန်ဆာ(Rosmah Mansor) အား ကျေးလက်ကျောင်းများအတွက် နေစွမ်းအင်းသုံးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းတစ်ခုနှင့်ဆက်စပ်ပြီး အဂတိလိုက်စားမှုစွဲချက်များအပေါ် ခုခံချေပရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါကြောင့် ကုန်သွယ်ရေး ထိခိုက်နစ်နာမှုများ ရှိနေလင့်ကစား ၂၀၂၀ ပြည့်နှစ်တွင် လာအိုနိုင်ငံ၏ ဗီယက်နမ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရာဘတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို ဖေဖော်ဝါရီ ၁၆ ရက်က လက်ခံရရှိကြောင်း မော်ရိုကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
စင်ကာပူ ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာန(MOH)က ဖေဖော်ဝါရီ ၁၆ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိကြောင်း ၊ ယင်းသည် ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုဖြစ်ကြောင်း နှင့် ယခုအခါ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၅၉,၈၁၀ ဦးထိ ရောက်ရှိလာကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် မတ်လမှစတင်ကာ ပြည်နယ်ဆိုင်ရာအဆင့်များတွင် COVID-19 တိုက်ဖျက်ရေး ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။