တီဟီရန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံနျူကလီးယားစွမ်းအင်အဖွဲ့(AEOI)အကြီးအကဲ၏ အထူးလက်ထောက် Ali Asghar Zarean က အီရန်နိုင်ငံအနေဖြင့် ယူရေနီယံသန့်စင်ခြင်းကို “ သန့်စင်မှု မည်သည့်အဆင့်ထိမဆို” လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဝူဟန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်အဆိုးရွားဆုံးခံစားနေရသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ အရေအတွက် တိုးပွားလာသော လူနာများအတွက် ဆေးရုံပေါင်း၂၄ ရုံတွင် ကုသမှုပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း မြို့တော်ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။