ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ပြည်ထောင်စုဝန်ကြီးဌာန(၁၁)ခု၏ ပြည်ထောင်စုဝန်ကြီးများကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် အသစ်ခန့်အပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက် (တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန) ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်သော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအတွင်း လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံအခြေအနေအပေါ် သတင်းထောက် တစ်ဦး၏ မေမြန်းချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက် လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလာဟလ သတင်းအချို့ဖော်ပြနေကြောင်းသိရှိရသည်။ ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှုမရှိဘဲယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက် မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။