ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ၁၃၅,၇၂၁ ဦးတွင် သေဆုံးသူ ၂၉၉၇ ဦးရှိကြောင်း ယနေ့ ညပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ကျန်းကျားခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံတွင် ခရီးသည်နှင့် ကုန်ပစ္စည်း ရထားသယ်ယူပို့ဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် ရထားပြေးဆွဲမှုစီမံကိန်းသစ်ကို ယနေ့ (ဇန်နဝါရီ ၂၀ ရက်)က စတင်လိုက်ကြောင်း တရုတ်နိုင်ငံ မီးရထားဌာနမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ဧရာဝတီမြစ်ရေသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်အတွင်း ဇန်နဝါရီတွင် ဖြစ်ပေါ်လေ့ရှိသည့် ကာလတူရေအမှတ်များအား နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် စံချိန်တင်ကျဆင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးက ဆင်ဟွာသို့...
ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပိုမိုတွန်းအားပေးရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် တက်တက်ကြွကြွ သဘောတူညီကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက...