ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်သက်သာလာသဖြင့် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းအထိ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သော လူနာအရေအတွက်မှာ စုစုပေါင်း ၄၇၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင်ထုတ်ပြန်ကြေညာလိုက်သည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူများကိုကုသမည့် လေးဆန်ဆန်းဆေးရုံတည်ဆောက်နေမှုမြင်ကွင်းများကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။လေးဆန်ဆန်းဆေးရုံသည် SARS ကုသမှု ဆေးရုံပုံစံ အတိုင်း ဝူဟန့်မြို့၌ တည်ဆောက်ထားသည့် ဒုတိယမြောက်ဆေးရုံ တစ်ရုံဖြစ်သည်။ ယခုvideo ထဲတွင်ဆောက်လုပ်နေသည့်အဆောင်မှာ ဆေးရုံတွင်တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များနှင့်ဝန်ထမ်းများ အတွက် အဆောင်ဖြစ်သည်။ လေးဆန်ဆန်းဆေးရုံသည်...
ဝူဟန့်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်တွင် နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူများကိုကုသမည့် ဆားလ် (SARS) ကုသမှု ဆေးရုံပုံစံအတိုင်းတည်ဆောက်ထားသော ယာယီဆေးရုံ (makeshift) ဆေးရုံ တစ်ရုံဖြစ်သည့် ဟောဆန်ဆန်းဆေးရုံကို လာမည့်တနင်္လာနေ့တွင် စတင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုဆေးရုံကိုရက်အနည်းငယ်အတွင်းအပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆေးရုံတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးကုသရေးစုပေါင်းတပ်ဖွဲ့ဝင် ၁၄၀၀...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ဖြစ်သည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀)” ပွဲတော်အား ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် အဖွဲ့ဝင် ၁,၄၀၀ ဦး ပါဝင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဆေးကုသရေးစုပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၃ရက်မှစ၍ ဝူဟန့် ဟောဆန်ဆန်းဆေးရုံကြီး၌ ကိုရိုနာအဆုတ်ရောင်ရောဂါကုသရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။