ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithakတို့ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
ချင်းသောင်၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ အမြန်နှုန်းရှိသော သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံတစ်ခု ထုတ်လုပ်မှုစနစ်အား ချင်းသောင်မြို့တွင် မေလ ၂၃ ရက်က ပွဲထုတ်ပြသလိုက်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂၃ ရက်(ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လ (အောက်တိုဘာလ မှ မတ်လ)အတွင်း ပို့ကုန် ပမာဏ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံကျော် (ဒေါ်လာ ၈၃၀၆ ဒသမ ၂ သန်း)ဖိုး တင်ပို့နိုင်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန...
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မေ ၂၁ ရက်က ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟူစတန်၊ မေ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ရေကြီးခြင်း၊နေအိမ်ပြိုလဲပျက်စီးခဲ့သလို အချို့နေရာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မေ ၂၂ ရက်အထိ သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။