ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။
မကာအို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့၏ ၆၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ယင်းတပ်ဖွဲ့များတွင် ခေတ်မီ လက်နက်များ တပ်ဆင်ထားမှုမှာ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပြီ ဖြစ်ကြောင်း ရုရှား...