Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက ဘက်စုံဒုံးကျည်ကာကွယ်ရေးစနစ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

အစ္စရေးနိုင်ငံ Hatzor လေတပ်အခြေစိုက်စခန်း၌ ၂၀၁၈ ခုနှစ် မတ် ၈ ရက်က ပြုလုပ်သည့် “ Juniper Cobra 18” စစ်ရေးလေ့ကျင့်မှုအတွင်း ပတ်ထရီးယော့ဒ်(Patriot) ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အစ္စရေးနိုင်ငံသည် တာဝေးပစ် နှင့် တာတိုပစ် ဒုံးကျည်အမျိုးမျိုးအား ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိသော ခရီးအကွာအဝေးအမျိုးမျိုးပစ်-ဘက်စုံဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းက အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ အစ္စရေးလေတပ် တပ်ဖွဲ့တစ်ခု နှင့် အမေရိကန်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးအေဂျင်စီတို့ ပူးတွဲပြုလုပ်သည့် အသေးစားစစ်ရေးလေ့ကျင့်မှုတစ်ခုတွင် ယင်းဒုံးကျည်ကာကွယ်ရေးစနစ်ကို စမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ယင်းစမ်းသပ်မှုတွင် ခရုဒ်ဒုံးကျည်များ ၊ ပဲ့ထိန်းဒုံးကျည်များ နှင့် မောင်းသူမဲ့လေယာဉ်များမှ ပစ်ခတ် တိုက်ခိုက်မှုပုံစံ အမျိုးမျိုးပါဝင်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံအလယ်ပိုင်း Yavne အနီးမှ Arrow 2 ဒုံးကျည် ကြားဖြတ်ဟန့်တားစနစ် ပစ်လွှတ်လိုက်နေသည်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံအနေဖြင့် ဘက်စုံဒုံးကျည်ကာကွယ်ရေးစနစ်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် နိုင်ငံ၏ ဘက်စုံ အလွှာစုံ ကာကွယ်ရေးစနစ်အမျိုးမျိုးမှ မတူကွဲပြားသောအစိတ်အပိုင်းများအား အတူတကွပေါင်းစပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဆိုင်ရာ အရာရှိကြီးများက ဆိုသည်။ ထိုသို့ ကြီးမားသော ပေါင်းစပ်စမ်းသပ်မှုတွင် အစ္စရေးထုတ် Arrow အလွှာစုံဒုံးကျည်ကာကွယ်ရေးစနစ် ၊ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဟန့်တားစနစ် ၊ David’s Sling အစ္စရေးကာကွယ်ရေးစနစ် ၊ တာလတ်-တာဝေးပစ် ဒုံးကျည်ကာကွယ်ရေးစနစ် နှင့် iron Dome ရာသီဥတုအခြေအနေအားလုံးတွင် ရွေ့လျားပစ်ခတ်နိုင်သော ဝေဟင်ကာကွယ်ရေးစနစ် နှင့် တာတိုပစ် ဒုံးကျည်တန်ပြန်ဖျက်ဆီးရေးစနစ် တစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

ရာသီဥတုအခြေအနေအားလုံးတွင် ရွေ့လျားပစ်ခတ်နိုင်သော ဝေဟင်ကာကွယ်ရေးစနစ် Iron Dome ကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီး၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် တွေ့ရစဉ်((Xinhua/Gideon Markowicz-JINI)

ယင်းစမ်းသပ်မှုများက အစ္စရေးကာကွယ်ရေး စနစ်အနေဖြင့် “ ပဋိပက္ခတစ်ခုအတွင်း တိုးမြင့်လာသော ခြိမ်းခြောက်မှုများအား ဟန့်တားနိုင်စွမ်းရှိသည်ကို ” ဖော်ညွှန်းနေခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုံးကျည်ကာကွယ်ရေးအဖွဲ့အကြီးအကဲ Moshe Patel က “ ယခင်က မရှိခဲ့သည့် အလွန်တရာ ရှုပ်ထွေးနက်နဲသောစနစ်ဖြစ်ကြောင်း” နှင့် အစ္စရေးနိုင်ငံအနေဖြင့် “ တောင့်တင်း ခိုင်မာမှုတစ်ခုဖြစ်ပြီး ၊ ခရုဒ်ဒုံးကျည်များ ၊ UAVs မောင်းသူမဲ့လေယာဉ်များ နှင့် ပဲ့ထိန်းဒုံးကျည်များကဲ့သို့သော ခြိမ်းခြောက်မှုအမျိုးမျိုးကို ဘက်စုံအလွှာစုံ ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသည်ကို” ဖော်ပြနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Benny Gantz က စမ်းသပ်မှုများသည် ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန်အတွက် အစ္စရေးနိုင်ငံ၏ ဘက်စုံ-အလွှာစုံချဉ်းကပ်မှု၏ ပထမဆုံးထုတ်ဖော်ပြသမှုပင် ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

“ ဒါဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးလေကြောင်းရန် ကာကွယ်ရေးစက်ယန္တရားတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ၊ သူက နီးနီးဝေးဝေး ခြိမ်းခြောက်မှုတွေကနေ နိုင်ငံကို ကာကွယ်ပေးသွားမှာပါ” ဟု Gantz က ဆိုသည်။အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်များကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှု ဦးစီးဌာန နှင့် အစ္စရေးနိုင်ငံစစ်လက်နက် နှင့် ကာကွယ်ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Rafael တို့က ပူးပေါင်း တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————-
(English Version)

Israel touts successful test of integrated missile defense system

JERUSALEM, Dec. 15 (Xinhua) — Israel’s Defense Ministry said on Tuesday it has “successfully” tested a multi-range missile defense system that is capable of intercepting long-range and short-range missiles.

The live-fire drills took place in an Israeli air force base in central Israel a few weeks ago, jointly with the U.S. Missile Defense Agency, the ministry said in a statement.

The tests simulated attacks by cruise missiles, ballistic missiles, and drones, it said.
Defense officials with the ministry said it was the first time that integrated tests have been carried out, bringing together different components of the country’s multi-layered areal defense systems. These components include the Arrow, a long-range ballistic missile interceptor, David’s Sling, a medium-to-long-range missile defense system, and the Iron Dome, a short-range anti-rocket system.

The tests indicated that the systems “will be capable of intercepting threats simultaneously during a conflict,” the ministry said.
Head of the defense ministry’s Israel Missile Defense Organization, Moshe Patel, said in the statement that the tests were “unprecedented in their complexity” and demonstrated that Israel has “a robust, multi-layered capability to face a variety of threats – cruise missiles, UAVs (unmanned aerial vehicles) and ballistic threats.”
Israeli Defense Minister Benny Gantz said in the statement that the tests were the first demonstration of Israel’s multi-layered approach to dealing with threats.
“This is one of the most advanced air defense mechanisms in the world and it protects the state from threats near and far,” Gantz said.

These anti-missile systems have been developed by the Directorate of Defense Research and Development in the Defense Ministry, and Rafael, an Israeli weapons and defense technology company.

Photo caption (1) A Patriot missile defence system is seen during the “Juniper Cobra 18” military exercise at the Hatzor Air Force base in Israel, March 8, 2018. (Xinhua/Guo Yu)

(2) Photo taken on Sept. 9, 2014, shows the trail of the Arrow 2 interceptor launched from near Yavne, central Israel. (Xinhua photo)
(3) Photo taken on Jan. 24, 2019 shows a view of a battery of Israel’s Iron Dome defense system near Tel Aviv, Israel. (Xinhua/Gideon Markowicz-JINI)