ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ ဟားခါးခရိုင်အတွင်းရှိ ဆူရ်ခွားကျေးရွာအား ဆူရ်ခွားမြို့အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း အရ သိရသည်။
ဟောင်ကောင်၊နိုဝင်ဘာလ ၂၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သောဟောင်ကောင်တွင် ဒေသ ကောင်စီဝင်နေရာများအတွက်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၂၄ ရက် နံနက်တွင်စတင်ကျင်းပခဲ့ရာ စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၁ ဒသမ ၂ ရာခိုင်နှုန်းလာရောက်မဲပေးကြကာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်းဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနိုဝင် ဘာလ ၂၅ ရက်နံနက်တွင်ပြောကြားခဲ့သည်။
ထျန်းကျင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းတွင် တရုတ်တပ်မတော်သားများ၏ အပြင်းအထန်စစ်ရေးလေ့ကျင့်နေမှု မြင်ကွင်းများကိုရိုက်ကူးဖမ်းယူထားသည့် video ဖိုင်ကို တင်ဆက်ထားပါသည်။(Xinhua)
ကိုင်ရို၊နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရှေးဟောင်း သုတေသန ဌာနအဖွဲ့သည် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတောင်ဘက် ၃၀ ကီလိုမီတာ အကွာတွင် ရှိသော Saqqara ဒေသတွင် တိရစ္ဆာန်မမ်မီရုပ်ကြွင်းများနှင့် ရုပ်ထုစသည်တို့ကို တွေ့ရှိရကြောင်း ၊ ၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ခန့်က ဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းဆိုင်ရာ ဝန်ကြီးဌာန(SCA) ဝန်ကြီး...