ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
ဗျူနိုအေရစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကွယ်လွန်သွားသော အာဂျင်တီးနားဂန္တဝင်ဘောလုံးသမား ဒီယေဂိုမာရာဒိုနာ၏ ခန္ဓာကိုယ်ပေါ်တွင်မည်သည့် ဒဏ်ရာလက္ခဏာမျှမတွေ့ရကြောင်း နှင့် ၎င်းသည် သဘာဝအတိုင်း လူကြီးရောဂါများဖြင့်ကွယ်လွန်သွားခြင်းသာဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ San Isidro မြို့မှ ရှေ့နေချုပ် John Broyad က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂျိုးဘိုင်ဒန်အား အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ် ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရသည့် ဂျိုးဘိုင်ဒန်ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။(Xinhua)
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၃၃၀ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။