ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) လတ်တလောတွင် ရေဖိအား လျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိ၍ ရေချွေတာ စုဆောင်း အသုံးပြု နိုင်ကြရန် နှင့် ရေလိုအပ်ချက် ရှိပါက ဆက်သွယ် တောင်းခံ နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ရေရရှိရေး...
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ဧပြီ ၂၅ ရက် မှ ၂၇ ရက် ထိကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၂၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၁၃ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative – BRI) က အာရှတိုက်နှင့် ဥရောပ၊ အာဖရိကတို့အပြင် ထို့ထက် ဝေးလံသောဒေသများသို့တိုင် ကုန်သွယ်ရေးနှင့်အခြေခံအဆောက်အအုံကွန်ယက်တစ်ခုတည်ဆောက်ကာ ဆက်သွယ်သွားရန်ရည်မှန်းထားသည်ကိုလေ့လာတွေ့ရှိကြရပေမည်။
ချုံချင့်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ပို့ဆောင်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုနှင့် စီမံကိန်းတစ်ခုပူးပေါင်းဆောင်ရွက်ရန်အတွက် Akos Kovacs တစ်ယောက် စိတ်လှုပ်ရှားလျက်ရှိနေပါသည်။
ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သတ်ဝါဒများ ကြီးထွားလာမှုကြောင့် အခက်အခဲ အတားအဆီးများ ဖြစ်ပေါ်နေသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု (BRI) သည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများ အားလုံးအတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေရှိသော အားကောင်းသည့် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။