ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အစိုးရဝန်ကြီးဌာနများမှ ဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားသူများ၏ အချက်လက်ပြည့်စုံပါက ပါမစ်ထုတ်ပေးရန် စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။
အန်ကာရာ ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Hulusi Akar က အမေရိကန်နိုင်ငံ ၏ လတ်တလောရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့သည့် တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့ပြီး တူရကီနိုင်ငံ နိုင်ငံအနေဖြင့် ကာကွယ်ရေးလုံခြုံမှုကို...
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလထဲ အအေးပိုခြင်း၊လေပွေလှိုင်း တိုက်ခတ်ခြင်းနှင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကပ်ရောဂါကြောင့် ထိခိုက်မှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် စီးပွါးရေးတိုးတက်မှုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတွင်ဆက်ထိန်းထားနိုင်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာတွင် ခန့်မှန်းထားကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။