ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၃,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ဖေဖော်ဝါရီ ၁၆ ရက် တွင် သတင်းထုတ်ပြန်သည်။
မြူးနစ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျာမနီနိုင်ငံ၌ ကျင်းပသည့် ၅၆ ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-whaနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် အသိဉာဏ်တု (AI) နည်းပညာနှင့် စက်ရုပ်များ၊ အဆင့်မြင့် နည်းပညာ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုလျက်ရှိသည်။ ဆေးရုံများတွင် ဆေးဝါးကုသမှုများနှင့် ပိုးသန့်စင်ခြင်းလုပ်ငန်းများတွင် စက်ရုပ်များကို အစားထိုးအသုံးပြုထားသည်။ TMiRob စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ Pan...
မြူးနစ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျာမနီနိုင်ငံ၌ ကျင်းပလျက်ရှိသော ၅၆ ကြိမ်မြောက် မြူးနစ်လုံခြုံရေးအစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ချုံချင့်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ဟော့ပေါ့ဆိုင်အချို့သည် ချုံချင့်မြို့ စီးပွားကူးသန်း ကော်မရှင်နှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ ဆိုင်လာရန်မလိုဘဲ အသင့်စားသုံးနိုင်ရန် အိမ်အရောက် ဟော့ပေါ့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။