ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့မပေးဆပ်ရသေးသည့်ချေးငွေများကျန်ရှိနေသည့် အာဖရိကနိုင်ငံများအား ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြွေးမြီများ လျှော်ပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အနာဂတ်မျှဝေမှုနှင့်အတူ ခိုင်မာသော တရုတ်-အာဖရိက လူမှုအသိုက်အဝန်း တည်ဆောက်ရေးအတွက် စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်းထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်း၌ သမ္မတ ရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးပွင့်လင်းလာစေရန် နှင့် ဘက်စုံကုန်သွယ်ရေးစနစ် အပြည့်အဝေ အကာအကွယ်ပေးရန် ဆန္ဒရှိပြီး တစ်ချိန်တည်းမှာပင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒကို ဆန့်ကျင်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ဒေသတွင် ပြုလုပ်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကော်မတီ(NAC) က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။