Connect with us

VIDEO

အသက် ၄၂ နှစ်အရွယ်ရှိ နှလုံးရောဂါသည်တစ်ဦးအား နှလုံးအစားထိုးလဲလှယ်မှုပြုလုပ်

စီချွမ်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ် / စုဝင့်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ပြည်သူ့ဆေးရုံတွင် အသက် ၄၂ နှစ်အရွယ်ရှိ နှလုံးရောဂါသည်တစ်ဦးအား အစားထိုးလဲလှယ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ လူနာသည် နှလုံးကြွက်သား အားနည်းပြီး နှလုံးယောင်ရမ်းခြင်းဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ ပုံမှန်နှလုံး ကုသနည်းများဖြင့် ကုသခဲ့သော်လည်း ပျောက်ကင်းသက်သာမှုမရှိဘဲ အခြေအနေဆိုးဝါးလာခဲ့ရာ နှလုံးတစ်ခုလုံးပျက်စီးတော့မည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူတစ်ဦးလည်းဖြစ်သည်။

ထိုသို့ နှလုံးအစားထိုးကုသမှုကြောင့် လူနာ၏ ကျန်းမာရေးအခြေအနေမှာပြန်လည်ကောင်းမွန်လာပြီး အခြေအနေ တည်ငြိမ်စပြုနေပြီဖြစ်ကြောင်းသိရသည်။ နှလုံးအစားထိုးကုသရန်စောင့်ဆိုင်းနေချိန်အတွင်း လူနာ၏ အသက်ရှင်နိုင်မှု အခွင့်အလမ်းပိုမို ရရှိစေရန် နှလုံးအတု(စက်ဖြင့် ခန္ဓာကိုယ်ထဲ အောက်ဆီဂျင်ပို့လွှတ်သည့်စနစ်) ကို ခေတ္တအစားထိုး အသုံးပြုလေ့ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.