မက်ဒရစ်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ Aragon ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးခြံတစ်ခြံရှိ မြွေပါ ၉၂,၇၀၀ ကျော်ကို သုတ်သင်ရှင်းလင်းရန် ယင်းဒေသအစိုးရက ပြီးခဲ့သည့်ရက်တွင် အမိန့်ချခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက လက်ရှိ နိုင်ငံတကာအခြေအနေ၌ အမေရိကန်မှ ဆောင်းပါးဖော်ပြ၍ တရုတ်နိုင်ငံကို ယခုကဲ့သို့ အမည်ဖျက်ရန် လုပ်ဆောင်မှုသည် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲနေရာ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း၊ ယင်းသည် အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ်ထားရှိသော အမေရိကန်၏ “မစားရသည့်အမဲ သဲနှင့်ပက်”...
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက တရုတ်-မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့သည်။