နယူးယောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Tanaga မီးတောင် တောင်ဘက် ၆၅ကီလိုမီတာ အကွာ တွင် သြဂုတ်၁၅ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၅၆း၅၄ နာရီ က အင်အား ၆.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ကဘူးလ် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် ရှိ စာသင်ကျောင်း တစ်ခု အား သြဂုတ်လ ၁၅ ရက် ညနေပိုင်း အချိန်တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရရာ အချင်းဖြစ်ပွား သည့် နေ့...
ခါတွန်၊သြဂုတ် ၁၅ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံတွင် သဘောၤတစ်စီးနိုင်းလ်မြစ်ကိုဖြတ်စဉ် သြဂုတ်လ ၁၅ ရက်ကနစ်မြုပ်ခဲ့မှုကြောင့်ကျောင်းသား ၂၂ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် SUNA သတင်းဌာနကထုတ်ပြန်ခဲ့သည်။သဘောၤပေါ်တွင်လူ ၄၀ ကျော်လိုက်ပါလာပြီး ရာသီဥတုအခြေအနေဆိုးများကြောင့်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။(Xinhua)
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ထူးကဲဒီရေမြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမ်းနားပတ်လမ်းရှိ ကွန်ကရစ်လမ်း အရှည်ပေ (၂၀၀)ကျော်ခန့် ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံထုတ်လမ်းပြုပြင်စက်ဖြင့်ကျူးဘားနိုင်ငံတွင်လမ်းများကိုပြုပြင် ကျူးဘား၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) ကျူးဘားတွင် တရုတ်နိုင်ငံ ၏ လမ်းပြုပြင်နည်းပညာ စက်ကိရိယာကိုအသုံးပြုကာ ပျက်ဆီးလျက်ရှိသည့် လမ်းများကို လွယ်ကူစွာပြုပြင်လျက်ရှိသည်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် XCMG က ထုတ်လုပ်သည့် နည်းပညာမြင့်လမ်းပြုပြင်စက်မှာ ပျက်ဆီးလျက်ရှိသည့်လမ်းများကိုပြုပြင်ရာတွင် အသုံးအများဆုံးစက်လည်း ဖြစ်လာခဲ့သည်။ ၎င်းစက်မှာအသုံးပြုရန်လွယ်ကူပြီး လမ်းများကို ပိုမိုချောမွေ့စေသည့်အပြင် အန္တရာယ်ကင်းအောင် ပြုလုပ်သည်။...