Connect with us

Politics, Law & Military

ပဲခူးမြို့ရှိ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိဟုဆို

ပဲခူးတိုင်းကော်မရှင်ရုံးဝင်းအတွင်း ဖြစ်ပွားသောပေါက်ကွဲမှုအား တာဝန်ရှိသူများ လာရောက် စစ်ဆေးနေစဉ် (ဓာတ်ပုံ-ZZM/ ပဲခူးတိုင်း)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ယနေ့ (နိုဝင်ဘာ ၆ ရက်) နေ့လည် ၂နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

” အသံကျယ်ကြီးကြားလိုက်လို့ အပြင်ထွက်ကြည့်တော့ မီးခိုးလုံးကြီးတွေ့တယ်၊ စာရွက်တွေ ပြန့်ကျဲနေတယ်၊ တစ်ချို့စာရွက်တွေမီးလောင်နေလို့နေတာတွေ့တယ်၊ကျွန်တော်လည်း တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တယ်၊ ကော်မရှင်အဆောက်အအုံ ပြတင်းပေါက်မှန်ကွဲသွားတာပဲရှိပါတယ်၊ လူထိခိုက်မှုမရှိပါဘူး၊ အခု တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်” ဟု ခရိုင်ကော်မရှင်ရုံးအတွင်းရေးမှူးက ဆင်ဟွာသို့ ပြောသည်။

 အဆိုပါ ပေါက်ကွဲမှုသည် တိုင်းကော်မရှင်ခြံဝင်းအတွင်း ကော်မရှင်ရုံးခန်းအဆောက်အအုံအပြင်ဘက်တွင် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုသည် ဗုံးမဟုတ်ဘဲ မိုင်းအမျိုးအစားတစ်ခုဖြစ်ကြောင်း လတ်တလော သုံးသပ်ထားကြောင်း သိရသည်။”လုပ်ကြံသူက ပုံးတစ်ပုံးထဲကို ကော်မရှင်ရုံးကို လိပ်မူထားတဲ့ စာရွက်တွေထည့်ပြီး ကော်မရှင်ရုံးကို စာပို့တဲ့ပုံစံမျိုးလာပြီး ချသွားတာဖြစ်မယ်”ဟု ခရိုင်ကော်မရှင်အတွင်းရေးမှူးက ဆိုသည်။

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလို၌ ပဲခူးတိုင်းကော်မရှင်အဖွဲ့ခွဲရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် ဒေသခံများ ထိတ်လန့်မှုဖြစ်ပွားလျက်ရှိကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။” တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့နေ့လည်က ပေါက်ကွဲမှုတစ်ခုဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်၊ အသေးစိတ်တော့ မသိသေးပါဘူး” ဟုပဲခူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ရွှေပုံက ဆင်ဟွာသို့ပြောသည်။ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဗုံးလန့်မှုဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများသွားရောက်စစ်ဆေးစဉ် ဗုံးအတုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.