ကဘူးလ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazniပြည်နယ် Ghazniမြို့တွင် တာလီဘန်လက်နက်ကိုင်များနှင့် ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တာလီဘန် ၁၉၄ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖဂန်ကာကွယ်ရေး ဝန်ကြီးTariq Shah Bahramiက သြဂုတ် ၁၃ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။
ထရီပိုလီ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ် သည် သြဂုတ် ၁၃ရက်တွင် နိုင်ငံအရှေ့ပိုင်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၄ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်ပါပူဝါ၌ အပေါ့စားလေယာဉ်ငယ် တစ်စင်းပျက်ကျရာတွင် အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အသက်ရှင်လွတ်မြောက်သွားကြောင်း ၊ ၎င်းကလေးငယ်၏ ဖခင်သည် ဆွစ်ဇာလန်နိုင်ငံထုတ် Pilatus PC-6 လေယာဉ်ပေါ်မှ ခုန်ထွက်စဉ် ကလေးငယ်ကို လက်မောင်း၌ ပွေ့ချီထားခဲ့ကြောင်း နှင့်...
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူး ခရိုင်၊ ပဲခူးမြို့တွင် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (AGTI) ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပုသိမ်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၇၀) မိုင်ခန့် ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်) တွင် အင်အားရစ်ချ်တာစကေး(၄.၈)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။