ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ယနေ့( အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်း၌ တပ်မတော်က AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့်စက်လှေအား ပစ်ခတ်ခဲ့ခြင်းသာဖြစ်ပြီး ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) Saty at Home ကာလတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှကြီးမှူး၍ Zoom Application ဖြင့် အောက်တိုဘာ ၂၆ ရက်မှစ၍ ရွှေအရောင်းအဝယ် ပြုလုပ်လျက်ရှိရာ နေ့စဉ် ရွှေ ၅ ပိဿာဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ...
ရှီးအန်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် အမျိုးသားအားကစားပွဲများအတွက် အားကစားနေရာများတည်ဆောက်မှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး စီမံကိန်းနေရာ ၈ ခုကို စီစဉ်ထားသည့်အတိုင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား ၃၇၀ ကျော်အား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ရေကြောင်း၊လေကြောင်း ခရီးသွားလာသူများ အထူးသတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှ ထွန်းက ယနေ့ အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားသည်။