Connect with us

Politics, Law & Military

တပ်မတော်က AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့်စက်လှေအား ပစ်ခတ်ခြင်းဖြစ် ၊ ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရခြင်းမှာ သတင်းအမှားသာဖြစ်ဟု ထုတ်ပြန်

AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့်စက်လှေမီးလောင်နေမှုအားတွေ့ရစဉ် ( တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ယနေ့( အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်း၌ တပ်မတော်က AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့်စက်လှေအား ပစ်ခတ်ခဲ့ခြင်းသာဖြစ်ပြီး ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

လူမှုကွန်ရက်များ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ်တစ်စီးအား တပ်မတော်မှ ပစ်ခတ်သဖြင့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းများထုတ်ဝေခဲ့ရာ အဆိုပါ သတင်းများသည် သတင်းအမှားများဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မေယုမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ် ၃ စီးသည် ယနေ့နံနက်ပိုင်းတွင် အောင်ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အကြမ်းဖက်အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ ICRC တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါစက်လှေသည် ICRC စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာ ပြန်လည်ညှိနှိုင်းရေးကော်မတီများသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.