ဘီရာရစ်ဇ်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) တောင်းဆိုချက်များနှင့် ကိုက်ညီမည်ဆိုလျှင် ပြင်သစ်၏အကြံပြုချက်ကို လက်ခံပြီး အီရန်သမ္မတ ရိုဟာနီ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု အမေရိကန် သမ္မတ ထရမ့်က သြဂုတ် ၂၆ ရက် ပြင်သစ် နိုင်ငံ ဘီရာရစ်ဇ်မြို့တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ရက်အထိ သေဆုံးသူ ၁၀၅ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ချုံချင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေတွင် ကျင်းပခဲ့သော 2019 Smart China Expo တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၈၁၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅.၇ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်း ၅၃၀ အား လက်မှတ်ရေးထိုးခဲ့ကြောင်း...
ဘရာဇီး၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်၌ G7ထိပ်သီးအစည်းအဝေးသို့ ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် (Vladimir Putin)ကို ဖိတ်ကြားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က သြဂုတ် ၂၆ ရက်နေ့က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံက အမေဇုန်မုတ်သုံသစ်တော၌ လောင်ကျွမ်းနေသည့် တောမီးကိုငြှိမ်းသတ်ရန် စစ်ဘက်လေယာဉ်များကို စေလွှတ်ထားပြီးဖြစ်ကြောင်း ဘရာဇီးကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။