Connect with us

MYANMAR

ဟိုတယ် လုပ်ငန်းများကို COVID Safe Service ဖြစ်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်ရန် တိုက်တွန်း

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် အဖွင့် အမှာစကား ပြောကြားစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ခရီးသွား လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာချိန်တွင် မိမိတို့ ဟိုတယ် လုပ်ငန်းများကို COVID Safe Service ဖြစ်စေရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် သွားနိုင်ရန် တိုက်တွန်းလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ယနေ့ ကျင်းပသော နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရုံး အဆောက်အအုံ ပန္နက်တင်ပွဲအခမ်းအနား၌ပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်က “အခုလို COVID-19 ကာလမှာ ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များနဲ့ အညီ လိုက်နာ ဆောင်ရွက်သွားကြဖို့နဲ့ လုပ်ငန်းများ မဆောင်ရွက်နိုင်တဲ့ အခုလိုအချိန်မှာ ဝန်ထမ်း တွေကို တတ်နိုင်သရွေ့ထောက်ပံ့ ကြည့်ရှုဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကျော်မင်းထွန်း ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပနေစဉ်။ (ဆင်ဟွာ)

ထို့အပြင် ညွှန်ကြားရေးမှူးချုပ်က နေပြည်တော်၌ ဟိုတယ်ဇုန်(၁) – ဒက္ခိဏဇုန်၊ ဟိုတယ်ဇုန်(၂) – နိုင်ငံတော် ဧည့်ဂေဟာဇုန်၊ ဟိုတယ် ဇုန်(၃) – ဥတ္တရသီရိဇုန် အဖြစ် သတ်မှတ် ထားရှိပြီး အဆိုပါ ဇုန် သုံးဇုန်အပြင် ကျန် မြို့နယ်များတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာ စုစုပေါင်း ယနေ့အထိ ၈၇ လုံး၊ အခန်းပေါင်း ၆၁၃၂ ခန်း ရှိကြောင်း၊ အဆိုပါ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများအနက် ဟိုတယ် ၅၅ လုံးသာ အသင်းဝင်ပြီး ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ကျန်ရှိ နေသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို လည်း အသင်းဝင်အဖြစ် ပါဝင် ဆောင်ရွက် နိုင်ရေး ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်း၊ အသင်းရုံး အဆောက်အအုံ ပြီးစီးပြီး လုပ်ငန်းတွေ ဆောင်ရွက်သည့်အခါတွင်လည်း ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ ဖွံ့ဖြိုး တိုးတက် စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီတို့နှင့် အတူ ဝိုင်းဝန်း ပူးပေါင်းပြီး အသင်း၏ ရည်ရွယ်ချက်များ ဖြစ်သည့် နေပြည်တော် ပြည်ထောင်စု နယ်မြေရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာမှ အရေးကြီး ပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၊ အထူး ဧည့်သည်တော်များနှင့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချအေးချမ်းစွာ တည်းခို နေထိုင်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းပညာရပ် ဖွံ့ဖြိုး တိုးတက်လာစေရေး စသည့် ရည်ရွယ်ချက် ငါးရပ်နှင့်အညီ အသင်းဝင်များအားလုံး စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း COVID-19 ကာလအတွင်း CERP နှင့် အညီ Tourism Relief Plan ရေးဆွဲပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ချေးငွေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ လိုင်စင် တစ်နှစ်စာ လျှော့ပေါ့ပေးခြင်း၊ နိုင်ငံတော်ပိုင် ဟိုတယ် ငှားရမ်းခများကို ခြောက်လ ဆိုင်းငံ့ ထားရှိပေးခွင့်် ပြုလုပ်ပေးခြင်း၊ နိုင်ငံတော်ပိုင် ဟိုတယ် ငှားရမ်းခ များကို ကိုးလတာ ကာလအတွက် ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် ခရီးသွား လုပ်ငန်းရှိ ဝန်ထမ်းများ အရည်အသွေး မြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဆက်လက်ပြီး ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များကို ဦးဆောင် လမ်းညွှန် ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။အဆိုပါ နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ် အကွက်အမှတ် (ဒီ -၁၈)၊ သဇင်လမ်း၌ ပြုလုပ်သည့် ပန္နက်တင်အခမ်းအနားသို့ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဝင်များနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အရာရှိကြီး

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.