ခါတွန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံသမ္မတOmar al-Bashirက ဖေဖော်ဝါရီ ၂၃ ရက်တွင် Mohamed Tahir Ayala အား ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ၊ Ahmed Ibn Auf အား ပထမဒုတိယသမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်းကြေညာခဲ့သည်ဟု သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရှိ ရန်ကုန်ကလေးဆေး ရုံကြီးတွင် ကလေးနာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသူ ကလေးလူနာနှစ်ဦးအား ဆွေမျိုးတို့၏ ကျောက်ကပ်တစ်ခြမ်းစီဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဖေဖော်ဝါရီ ၂၃ ရက်က ကော်ဇောစက်ရုံတစ်ခု အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရောမ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ဖေဖော်ဝါရီ ၂၃ ရက်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာ လူ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း သည် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့သို့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လည်ပိုင်းတွင် ရထားဖြင့် ထွက်ခွာလာခဲ့ကြောင်း နိုင်ငံပိုင်း Korean Central News Agency...