ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အစိုးရအနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုးမြှင့်ခံစားခွင့်ပြုထားပြီး လက်ရှိတွင် တိုးမြှင့်ပင်စင်ထုတ်ယူရန် လူ ၂သိန်းခန့် ကျန်ရှိနေကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင်ဗီဒီယို (English Version) ကို ဆင်ဟွာသတင်းဋ္ဌာနမှ တင်ဆက်ခြင်းဖြစ်ပါသည်။(Xinhua)
အန့်ဟွေး၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန့်ဟွေးဒေသရှိ Maihuayu ကျေးရွာ တောင်ကုန်းများပေါ်၌ ပန်းများရောင်စုံဖူးပွင့်လျက်ရှိရာ ပန်းချီကားတစ်ချပ်သဖွယ် လှပတင့်တယ်လွန်းလှပါတယ်။ အဆိုပါ ပန်းရောင်စုံအလှအပများကို လာရောက်ကြည့်ရှုလည်ပတ်သည့် ရပ်ဝေးရပ်နီးမှ ခရီးသွားများလည်းရှိသည်။ တရုတ်နိုင်ငံတွင် ၎င်းဒေသမှာ သဘာဝကျေးလက်ရှုခင်းအလှအပများဖြင့် နံမည်ကျော်ကြားသည့် နေရာတစ်ခုလည်း ဖြစ်သည်။(Xinhua)
ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းမှ Tongliang အနုပညာအဖွဲ့၏ ထိုင်ဝမ်တွင်သွားရောက်ဖျော်ဖြေခဲ့သည့် ရင်သပ်ရှုမောဖွယ်မီးနဂါးအက တင်ဆက်မှုမြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးထားပါသည်။ (Xinhua)