Connect with us

Social, Education & Health

ကပ်ရောဂါဖြစ်ပွားချိန်နောက်ပိုင်း ဝူဟန့်၏ ပထမဆုံး ခရီးသွား ရထားပြေးဆွဲမှု စတင်

တရုတ်နိုင်ငံ ဝူဟန့်မြို့မှ စတင်ထွက်ခွာလာသော ခရီးသွား ရထားကြီးပေါ်တွင်လိုက်ပါလာကြသူများ အားတွေ့ရစဉ်( အင်တာနက်)

ဝူဟန့် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ခရီးသည် ၉၅၀ ဦး တင်ဆောင်ထားသော အလည်အပတ် ခရီးသွားရထားတစ်စင်းသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့မှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ကြောင်း ၊ ယင်း ခရီးသွား ရထားကြီးသည် ပြည်နယ်အတွင်းရှိ Xiangyang မြို့သို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် တစ်ခု အဖြစ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားကြီးသည် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက  ဝူဟန့်မြို့တော်မှ ပထမဆုံး ထွက်ခွာလာသည့် အလည်အပတ်ခရီးသွားရထားတစ်စင်းဖြစ်ပြီး တရုတ်နိုင်ငံရထားပို့ဆောင်ရေး ဝူဟန့်ဗျူရိုမှ စေလွှတ်သော ခရီးသွားရထားဖြစ်ကြောင်း သိရသည်။

ရထားပေါ်လိုက်ပါလာသော ခရီးသွားများသည် မြို့တော်ရှေးဟောင်းအုတ်နံရံ ၊ Xiangshui မြစ် နှင့် Xiangyang မြို့အတွင်းရှိ အခြားသော သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှုနေရာများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း ဗျူရို၏ ပြောကြားချက် အရသိရသည်။

ခရီးစဉ်အတွင်း စိတ်ချလုံခြုံမှုရှိစေရန် ကပ်ရောဂါပုံမှန်ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစည်းမျဉ်းများကို လိုက်နာကြရမည်ဖြစ်ကြောင်း ၊ ဗျူရိုက ခရီးသွားများအတွက် ဝင်ထွက်ဂိတ်များ နှင့် စောင့်ဆိုင်းနေရာများကို စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။

ခရီးစဉ်တစ်လျှောက် ခရီးသွားများ အဆင်ပြေချောမွေ့စေရန် အထူးဝန်ထမ်းများ ခန့်အပ်ကာ ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားခြင်း ၊ ဓာတ်ပုံရိုက်ကူးခြင်း နှင့် အထုတ်များကူသယ်ပေးခြင်း တို့ကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ဟူပေပြည်နယ်အတွင်း နှင့် အခြားပြည်နယ်များသို့ အလည်အပတ်ခရီးစဉ် ရထားများကို တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဗျူရိုက ဆိုသည်။(Xinhua)