ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁,၃၁၆ သန်း ဆောင်ရွက်နိုင်ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အများပြည်သူသုံး ရေချိုးအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးပြီး အနည်းဆုံးအခြား လူပေါင်း ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးအား ယနေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရှန်းယန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှန်းယန်မြို့တွင် lego ပလတ်စတစ်တုံးလေးများဖြင့်ရှန်းယန်မြို့၏ အထင်ကရ နေရာများဖြစ်သည့် နန်းတော်၊ ဘူတာရုံစသည်များအပါအဝင် အဆောက်အဦများကို လက်ရာမြောက်စွာဖန်တီးပုံဖော်ထားသည်။ အလေးချိန် ၂၄၂၅ ပေါင် ရှိသည့် ရှန်းယန်မြို့ပုံစံငယ် ကို ကမ္ဘာတစ်ဝန်းရှိ lego တုံးများဖြင့်အဆောက်အဦများကို ကျွမ်းကျင်စွာဆောက်လုပ်နိုင်သူ ၁၁ ဦး၊...