မနီလာ ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့အောက်တိုဘာ ၁၅ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ် ၂,၂၆၁ ဦး ထပ်မံ စမ်းသပ်တွေ့ရှိခဲ့ရာ လက်ရှိအချိန်ထိ အတည်ပြုလူနာစုစုပေါင်း ၃၄၈,၆၉၈ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံကျော် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
လာဆာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ရာတွင် အဓိကအောင်မြင်မှု ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ(CPC) အကြီးအကဲWu Yingjie က ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေရာအတော်များများတွင် အောက်တိုဘာ ၁၄ ရက်က ရေဖုံးလွှမ်းခဲ့ပြီး မော်တော်ယာဉ်များလည်း ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အတွင်းမှ ငွေကျပ်သိန်းပေါင်း ၃၆၀,၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၅ ရက်) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။