အန်ကာရာ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဆော်ဒီနိုင်ငံသား သတင်းထောက် Jamal Khashoggi ပျောက်ဆုံးမှုနှင့် ဆက်စပ်ကြောင်း သံသယရှိသူ ၁၅ ဦးထဲမှ ၇ ဦးကို တူရကီနိုင်ငံက ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Anadolu က အောက်တိုဘာလ ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဆာနား၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်က ကျောထောက်နောက်ခံပေးထားသော ရှီယိုက်ဟူသီသူပုန်များကို တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidah မြို့ရှိ ရေပေးဝေသည့် ရေစုပ်စက်တစ်ခု အနီး၌ အောက်တိုဘာ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ လူ ၅ဦးသေဆုံးကြောင်း ပြည်နယ်ဆိုင်ရာ...
ရောဘတ် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မော်ရိုကို နိုင်ငံ မြောက်ပိုင်း ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၆၆ ဦးကို အောက်တိုဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့က ကယ်ဆယ်ခဲ့ကြောင်း မော်ရိုကို ရေတပ်က အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ စေတီပုထိုးများအနက် ငလျင်လှုပ်ပြီးချိန်မှ ယခုအချိန်အထိ (၂) နှစ်တာ ကာလအတွင်း စုစုပေါင်း စေတီပုထိုး ၃၂၅ ဆူကို ပြုပြင် ထိန်းသိမ်းပြီး ဖြစ်ကြောင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ...
ဟွန်ဒူးရပ်စ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈ဦးသေဆုံးပြီး ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၅,၀၀၀ဦး ဘေးဒုက္ခရောက်ခဲ့ရကြောင်း အာဏာပိုင်များ က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။