Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် အများဆုံး စံချိန်တင်အဖြစ် ၉၅ ဦး တွေ့ရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ ဓာတ်ခွဲအတည်ပြုလူနာသစ် အများဆုံး စံချိန်တင်အဖြစ် ၉၅ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ဩဂုတ် ၃၁ ရက်အတွက် COVID-19 ဓာတ်ခွဲနမူနာ ၁,၇၄၁ ခု အား စစ်ဆေးပြီးခဲ့ရာတွင် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ပြုစုပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထည့်သွင်း ထုတ်ပြန်ထားသည်။ 

ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၈၈၂ ဦးရှိလာခဲ့ကြောင်း သိရသည်။ ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၄) ဦးရှိကြောင်း ၊ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.