ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် နှစ်(၁၀၀) ပြည့် အထိမ်း အမှတ် အဖြစ် UMFCCI Centennial International Expo 2019 ပြပွဲကို စက်တင်ဘာ၂၀ ရက်မှ ၂၂...
မနီလာ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၁ ရက် ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးအနက် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆန်နာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အလယ်ပိုင်း Dhamar ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုအား ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ဝ ဦးရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က စက်တင်ဘာ ၁ ရက် ညပိုင်းတွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ၊ Ndoi ကျွန်း၏ အရှေ့မြောက်ဘက် ၄၁ ကီလိုမီတာ အကွာတွင် စက်တင်ဘာ ၁ရက် ၊ ဂရင်းနစ်စံတော်ချိန် ၁၅း၅၄း၂၀နာရီ တွင် အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောသည်။